Wednesday, November 2, 2016

စာရေးဝန်ထမ်းများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်း (၂/၂၀၁၆) ပူတာအို၌ ဖွင့်လှစ်


ပူတာအို    နိုဝင်ဘာ    
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်း (၂/၂၀၁၆) ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ(၁)ရက် နံနက်(၉)နာရီ ၃၀ မိနစ်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမကျင်းပသည်။



အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေယျာမြတ်သူက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်စပ်လျဉ်း၍ အကျယ်တ၀င့် ရှင်းလင်း ပြောကြားသည်။
သင်တန်းတွင် ရပ်ကျေးဥပေဒေ၊ ငွေစာရင်း၊ ထွေအုပ်လုပ်ငန်းတာဝန်များ၊ ဒေသဖွံ့ဖြိုးရေး၊ ဥပဒေ ဘာသာရပ်၊ ပြည်သူနှင့်ပူးပေါင်းဆောင်ရွက်သော ရဲလုပ်ငန်း၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး၊ လယ်ယာမြေ ဥပဒေ နည်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေး၊ လယ်ယာမြေစီမံခန့်ခွဲရေး၊ ရုံးလုပ်ငန်းစနစ်၊ အုပ်ချုပ်ရေး လုပ်ငန်း တာဝန်ဘာသာရပ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် သင်တန်းနည်းပြသုံးဦးနှင့်အတူ သက်ဆိုင်ရာ ဌာနများက ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ စာရေးဝန်ထမ်းများနှင့်ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၇၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ သုံးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment