Wednesday, November 2, 2016

ဒီးမော့ဆိုမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ




ဒီးမော့ဆို နိုဝင်ဘာ ၂
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် World Vision တို့ ပူးပေါင်း၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ သိရှိနားလည်ပြီး အရေးယူဆောင်ရွက်မှုများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံ ကလေးသူငယ်ဥပဒေအကြောင်းများ၊ ကိုယ့်ဒေသနှင့် သက်ဆိုင်သော ကလေးသူငယ်များ၏ ပြဿနာများကို သိရှိပြီး ကလေးသူငယ်အခွင့်အရေး ဆောင်ရွက်နေသော ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ အချင်းချင်း ဘယ်လိုချိတ်ဆက်ဆောင်ရွက်ရမည်ကို





သိရှိနားလည်စေရန် ရည်ရွယ်၍ ကလေးသူငယ် အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက အမှာစကား ပြောကြားပြီး World Vision မှ တောင်တန်းဒေသ ဇုံမန်နေဂျာ ဦးစထရီးနိုက ကြိုဆိုနှုတ်ခွန်းစကား ပြောကြားသည်။ ယင်းနောက် World Vision မှ နည်းပညာပံ့ပိုးသူ ဦးဇော်ဦးက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များ၊ ကလေးသူငယ်အခွင့်အရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ တက်ရောက်ပြီး ကလေးသူငယ်များ၏ မျှော်လင့်ချက်များ၊ စိုးရိမ်ပူပန်မူများ၊ အခြေခံစည်းမျဉ်းများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံ ကလေးသူငယ် ဥပဒေအကြောင်းများ၊ CRC အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် စောင့်ကြည့် ကြီးကြပ်မှု လုပ်ငန်းစဉ်များ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်း အကြောင်းအရာများ၊ ဒီးမော့ဆိုမြို့နယ် World Vision ဒေသဖွံ့ဖြိုးရေး စီမံကိန်း၏ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲကို နိုဝင်ဘာ ၃ ရက်ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ် ပြန်/ဆက်

No comments:

Post a Comment