Wednesday, November 2, 2016

ဒီမိုကရေစီဖြစ်စဉ်တွင် ပြည်သူများ ပါဝင်ဆောင်ရွက်မှု ပူတာအို၌ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပူတာအို   နိုဝင်ဘာ  ၁
ဒီမိုကရေစီဖြစ်စဉ်တွင် ပြည်သူလူထု၏ပါဝင်ဆောင်ရွက်မှု အရေးကြီးပုံနှင့် ပြည်သူတစ်ဦးအနေဖြင့် မည်သို့ပါဝင်နိုင်ပုံကို ဆွေးနွေးမည်ဖြစ်ပြီး တက်ကြွသော နိုင်ငံသားကောင်းများ ဖြစ်လာစေမည့် နိုင်ငံသားဆိုင်ရာ အသိပညာများ ရရှိစေရန် ရည်ရွယ်လျက် Naushawng Education Network (NSEN) က ကြီးမှူး၍ ဒီမိုကရေစီဖြစ်စဉ်တွင် ပြည်သူများ ပါဝင်ဆောင်ရွက်မှု ခေါင်းစဉ်ဖြင့် နိုဝင်ဘာ(၁)ရက်မှ (၂)ရက်အထိ နှစ်ရက်တာဆွေးနွေးပွဲကို


ပူတာအိုမြို့ ကောင်ကထောင် ရပ်ကွက်(၃)ရှိ ဧမာနွေလ(အေဂျီ)အသင်းတော် Sunday school ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဒီမိုကရေစီ၏ အခြေခံအဂါင်္ရပ်များ (Fundamental principles of Democracy ) ၊ ဖက်ဒရယ် ဒီမိုကရေစီနှင့် ဗဟိုချုပ်ကိုင်မှု လျော့ချခြင်း( Federal Democracy and Decentralization) ၊ ရွှေးကောက်ပွဲ ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး (Electoral reform ) ခေါင်းစဉ်တို့ဖြင့် Naushawng Education Network (NSEN) အဖွဲ့မှ ဆရာ ဘရန်လှိုင် ဦးဆောင်၍  ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ နိုင်ငံရေးပါတီများ ၊ ဘာသာရေး အဖွဲ့အစည်းများ ၊ ဒေသခံပြည်သူများ (၃၇)ဦး တက်ရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment