Tuesday, November 8, 2016

ဒုတိယသမ္မတဦးမြင့်ဆွေ ချင်းတွင်းတံတား(ဟုမ္မလင်း) တည်ဆောက်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးပြီး ဟားခါးမြို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံ


ဟားခါး နိုဝင်ဘာ ၈
ချင်းပြည်နယ်တွင် ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့ နံနက်ပိုင်းတွင် ချင်းတွင်းတံတား(ဟုမ္မလင်း) တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှု စစ်ဆေးပြီး ဟားခါးမြို့ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံ၊ ဒုတိယ၀န်ကြီးများနှင့် အတူ ခန္တီးမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြပြီး တံတားဦးစီးဌာန တည် ဆောက်ရေးအဖွဲ့(၂)က တာဝန်ယူတည်ဆောက်လျက်ရှိသည့် ချင်းတွင်းတံတား (ဟုမ္မလင်း) တည်ဆောက်ရေး စီမံကိန်းသို့ရောက်ရှိရာ စီမံကိန်းရှင်းလင်းဆောင်၌ တံတားတည်ဆောက်ရေး စီမံကိန်းဒုတိယညွန်ကြားရေးမှူးက တံတားဆိုင်ရာအချက် အလက်များ၊ ရန်ပုံငွေရရှိမှု နှင့် လုပ်ငန်းပြီးစီးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
 ဒုတိယသမ္မတက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက် ရန်နှင့် သတ်မှတ်ချိန်အမှီပြီးစီးရေး မှာကြားပြီး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းဆောင်မှကြည့်ရှုသည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့်အဖွဲ့သည်  ချင်းပြည်နယ် ဖလမ်းမြို့ပြည်သူ့ ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံအတွင်းလှည့်လည် ကြည့်ရှုကာ လူနာများအား အားပေး စကားပြောကြားသည်။
ဆက်လက်၍ ဟားခါးမြို့သို့ ရောက်ရှိကြပြီး ဟားခါးမြို့ အခြေခံပညာ အထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ ပြည်နယ်၊ခရိုင်နှင့်မြို့နယ် အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ နှင့်တွေ့ဆုံ သည်။
တွေ့ဆုံပွဲတွင် ဒုတိယသမ္မတက မိမိတို့အဖွဲ့အနေဖြင့် ချင်းပြည်နယ်၏ ပညာ ရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်လာ ရောက်ခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ်တွင်ယခုအခါ ကောလိပ်ရှိလာတော့မည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ ချင်းပြည်နယ်ရှိ ကျောင်းသား၊ကျောင်းသူများ ဟားခါးတွင် တက္က သိုလ်ပညာရပ်များကို သင်ကြားနိုင်ကြပြီဖြစ်ကြောင်း၊ ဒေသတစ်ခုတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းရန် လိုအပ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းမှသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ငြိမ်းချမ်းရေးရရှိအောင် နိုင်ငံတော်အစိုးရ အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံကို ကျင်းပခဲ့ပြီး အောင်မြင်အောင်ကြိုးပမ်းလျက်ရှိကြောင်း၊ တိုင်းရင်းသား အားလုံးပါဝင် ကြိုးပမ်းကြရန်လိုကြောင်း။
 ယခုအခါ နိုင်ငံတော်အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များကိုဖွံ့ဖြိုးမှု ကွာခြား ချက်နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ပေးနေပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကို အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ် ပြည်မ ဆက်သွယ်ရာလမ်းတစ် လျှောက်ရှိ မြစ်ကူး၊ ချောင်းကူးနေရာများကိုလည်း တံတားများတည်ဆောက်ပေးလျက် ရှိကြောင်း၊ ချင်းပြည်နယ် အနေဖြင့် ဖလမ်းတွင် လေယာဉ်ကွင်း တည်ဆောက်ပြီးပါက လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း။
 ပညာရေး၊ ကျန်းမာရေးကဏ္ဍများအတွက် ယခင်ကထက် ဘတ်ဂျတ်ပိုမို သုံးစွဲ လျက်ရှိပါကြောင်း၊ ချင်းပြည်နယ်အတွက် မဟာဓာတ်အားလိုင်းမှတစ်ဆင့် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ပုလဲ- ဂန့်ဂေါ- ဟားခါး- ဖလမ်း ဓာတ်အားလိုင်းကို ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတက ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များမှ အခြေခံပညာ ကျောင်းများအတွက် ဗလာစာအုပ်များကို ပေးအပ်သည်။
ယင်းနောက် မြို့မိ မြို့ဖတစ်ဦးက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို တင်ပြရာ ဒုတိယသမ္မတ၊ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးပြီး ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဟားခါးပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကာ လူနာများအား အားပေးစကားပြောကြားခဲ့ သည်။

No comments:

Post a Comment