Wednesday, November 9, 2016

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၆) ဒုတိယနေ့ ကျင်းပ

မကွေး       နိုဝင်ဘာ    
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၆) ဒုတိယနေ့ ကို နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ် များ တက်ရောက်ခဲ့ ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၈) ဦးရှိသည့်အနက် (၆၄) ဦးတက်ရောက်၍ (၉၄.၁၂) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း၊ တံတားလုပ်ငန်းများစာရင်း တင်ပြချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်(၁၂)ဦးက ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၄(က)၊ မကွေး တိုင်းဒေသ ကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၁(က)နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ (၁၅.၉.၂၀၁၆) ရက်စွဲပါစာအမှတ်၊ ၂၆၆၀ / ၃၄၉ - ပိုလျှံငွေ ၁ - ၁၈ (၃) / အဖရ - ၂၀၁၅ တို့အရ လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်တို့အရ ယင်းတင်ပြချက်အစီရင်ခံစာအား လွှတ်တော် က အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၆) အောင်မြင် စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာပြီး ဒုတိယနေ့အစည်းအဝေးကို ၁၁း၂၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment