Wednesday, November 23, 2016

(၉၆)နှစ်မြောက် အမျိုးသားနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ဟောပြောပွဲကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာလ ၂၂ ရက်
နိုဝင်ဘာလ (၂၄)ရက် ကြာသာပတေးနေ့တွင် ကျရောက်မည့် (၉၆) နှစ်မြောက် အမျိုးသားနေ့အား ကြို ဆိုဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့်  အမျိုးသားနေ့အကြောင်းသိကောင်းစရာများ စာပေဟောပြောပွဲကို ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် န၀ဒေးရပ်ကွက်ရှိ အမှတ်(၂၀)အခြေခံ ပညာအထက်တန်းကျောင်းတွင် ယနေ့နေ့လည် (၁း၀၀) အချိန်က ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သိမ့်သိမ့်မျိုးမှ ဦးဆောင်၍ န၀ဒေးရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အထက(၂၀)ကျောင်း မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ ပူးပေါင်း၍ ကျင်းပဆောင်ရွက်ခဲ့သည်။




အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးမှ ယခုလို အမျိုးသားနေ့အကြိုဂုဏ်ပြုပွဲကျင်းပြရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ကျောင်းသား၊ ကျောင်သူများမှ အမျိုးသားနေ့အထိမ်းအမှတ် ကဗျာများ အသီးသီးရွတ်ဆို ပြိုင်ပွဲဝင်ခဲ့ကြသည်။
ထို့နောက် ပုဗ္ဗသီရိမြို့နယ် စာရေးဆရာအသင်းမှ ခင်မောင်ကျော်(ဒဿန)မှ အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် အမျိုးသားနေ့ကို ဘာကြောင့် မြန်မာခုနှစ် သတ်မှတ်ခဲ့သည်တို့ကို ဟောပြောပေးခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၁၉) ဦးအား ဆု (၅) ဆုကို တာဝန်ရှိသူများမှ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကာ ပါဝင်ယှဉ်ပြိုင်သူများအား အမှတ်တရလက်ဆောင်ပစ္စည်း များ ပေးအပ်ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၁)၊ အမှတ်(၂)ကိုလည်း တက်ရောက်လာကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

(ပုဗ္ဗသီရိမြို့နယ် ပြန်/ဆက်)

No comments:

Post a Comment