Wednesday, November 23, 2016

လယ်ဝေးမြို့နယ် ဂွေ့ကြီးကျေးရွာတွင် နှစ်ရှည်သီးနှံ စတင်စိုက်ပျိုး

လယ်ဝေး၊ နိုဝင်ဘာ  ၂၂
ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် လယ်ဝေးမြို့နယ် ညိုပင်ကျေးရွာအုပ်စု ဂွေ့ကြီးကျေးရွာ၌ နှစ်ရှည်သီးနှံ ဘရာဇီးမျိုး သီးမွှေးငှက်ပျောပင်များအား စတင်စိုက်ပျိုးလျက်ရှိသည်။

အဆိုပါ သီးမွှေးငှက်ပျောပင်ပေါက်များအား ရွှေဘိုမြို့ မှ အပင်ပေါက်တစ်ပင်လျှင် (၁၀၀၀)ကျပ် ခန့် ၀ယ်ယူရပြီး (၁) ဧက လျှင် အပင်ရေ (၁၀၀၀) ခန့် စိုက်ပျိုးနိုင်ကြောင်း၊ ယခုအခါပျိုးပင်ပေါက်များအား တစ်လလျှင် နှစ်ကြိမ် ရေသွင်းလောင်း ပေးရကြောင်းနှင့် သီးနှံခိုင် ထွက်ရှိမှုမှာ (၆) လခန့်ကြာမြင့်ဖြစ်ပြီး နှစ်ရှည်သီးနှံပင် ဖြစ်သည့်အတွက် စိုက်ပျိုးတောင်သူများ အနေဖြင့် အဆင်ပြေနိုင်ကြောင်း တောင်သူ ဦးဇင်ဘိုက ပြောသည်။

(လယ်ဝေး၊ ပြန်/ဆက်)

No comments:

Post a Comment