Wednesday, November 23, 2016

လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လူထုအခြေပြုလေ့လာမှုစခန်းဖွင့်လှစ်

ရေတာရှည်၊ နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် တောင်သူများ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုအခြေပြု လေ့လာမှုစခန်းကို ဆွာမြို့၊ စိုက်ပျိုးရေးဦးစီးဌာနရုံး(ခွဲ)၌ နိုဝင်ဘာ (၂၂) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ပြီး ကျေးရွာအုပ်စု (၉) အုပ်စုမှ တောင်သူများနှင့်တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တောင်သူများ စပါးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်စပါးမျိုးများကို စီစစ်ရွေးချယ်စိုက်ပျိုးရန် လိုအပ်သကဲ့သို့ မြေယာ ပြုပြင်ခြင်းနှင့် လိုအပ်သည့်စိုက်ပျိုးရေ ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနများမှ လိုအပ်သည့်နည်းပညာ၊ အခြားသော ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တောင်ငူခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစန်းလွင်မှ ရှင်းလင်းပြောကြားသည်။ တက်ရောက်လာသော တောင်သူများမှ စိုက်ပျိုးရေပေးဝေရန် ဖောက်လုပ် ထားသော ဆည်လက်တံမြောင်းများ ပျက်စီးခြင်းနှင့် နွေစပါးစိုက်ပျိုးရာတွင် ထွန်စက်များကို မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနမှ ငှားရမ်းသုံးနိုင်ရန်လိုအပ်ချက်များအား ဆည်မြောင်းဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန တာဝန်ရှိ သူများက တောင်သူများအတွက် ဆောင်ရွက်ပေးနိုင်မည့် အစီအမံများအား ရှင်းလင်းပြောကြားသည်။

(ရေတာရှည်၊ ပြန်/ဆက်)

No comments:

Post a Comment