ပုလဲ နိုဝင်ဘာ ၂၂
စစ်ကိုင်တိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊
ပြည်သူ့ဝန်ဆောင်မှုရုံး ခန်းမတွင် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် ထိန်းသိမ်းရေးနှင့် ပတ်သတ်၍
မြို့နယ်အဆင့် သဘာဝ နယ်မြေထိန်းသိမ်းရေးကော်မတီဖွဲ့စည်းရေး အစည်းအဝေးကို နိုဝင်ဘာ
၂၂ရက်၊ နံနက် ၁၁နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုလဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ
ဦးတိုးတိုးဝင်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ သားငှက်ထိန်းသိမ်းရေးအဖွဲ့ ဒေါက်တာ နော်မေလေးသန့်က မြန်မာနိုင်ငံ အတွင်း ဆောင်ရွက်နေသည့် သဘာဝနယ်မြေ ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရဲထွန်းက “ကျွန်တော်တို့အနေနဲ့ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ရဲ့ သဘာဝနယ်မြေ ထိန်းသိမ်း ရေးလုပ်ငန်းများကို ဆောင်ရွက်တဲ့အခါမှာ
ဥယျာဉ်ပတ်ဝန်းကျင်ရှိ ကျေးရွာ ( ၆၇ )ရွာမှာ ဥယျာဉ်အပေါ် သစ်တောထွက်ပစ္စည်းများနှင့်ပတ်သတ်၍
မှီခိုနေမှုအခြေအနေများကို လေ့လာဆန်းစစ်ပြီး အသက်မွေး
ဝမ်းကြောင်းလုပ်ငန်း ပြောင်းလဲ လုပ်ကိုင်စေခြင်းလုပ်ငန်း၊ ၀င်ငွေတိုး
လုပ်ငန်းများအတွက် ပံ့ပိုးပေးခြင်း တို့ကို
ဆောင်ရွက်ပေးခြင်း လုပ်ငန်းနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းကို
ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပြီး လူမှုစီးပွားရေးဘ၀မြှင့်တင်ပေးခြင်း လုပ်ငန်းများကို ၅ နှစ် စီမံချက်ရေးဆွဲ၍ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”
ဟု ပြောသည်။
ထိုနောက် အစည်းအဝေးသို့တက်ရောက်လာသည့် အလောင်းတော်ကဿပအမျိုးသား
ဥယျာဉ်အနီးရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သဘာဝနယ်မြေ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ဆောင်ရွက်
ပေးသင့်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကြံပြုဆွေးနွေးရာအလောင်းတော်ကဿပ အမျိုးသား
ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရဲထွန်းက ဆောင်ရွက်မည့်
အစီအမံများနှင့်ပတ်သတ်၍ ပြန်လည်
ရှင်းလင်း ဆွေးနွေးခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်
ဦးဇော်ထက်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် ဌာနဆိုင်ရာများ၊
သားငှက်ထိန်းသိမ်းရေးအဖွဲ့ ဒေါက်တာ နော်မေလေးသန့်နှင့် တာဝန်ရှိသူများ၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်
အုပ်ချုပ်ရေးမှူး ဦးရဲထွန်းနှင့်တာဝန်ရှိသူများ၊
ဥယျာဉ်အနီးရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ
ရပ်ဖများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်ပြန်/ဆက်
No comments:
Post a Comment