Tuesday, November 22, 2016

( ၉၆ ) နှစ်မြောက်အမျိုးသားနေ့အောင်ပွဲအကြိုအထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ထီးချိုင့်မြို့၌ကျင်းပ

ထီးချိုင့်  နိုဝင်ဘာ  ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့ အခြေခံပညာအထက်တန်းကျောင်းနိုဝင်ဘာ ၂၂ ရက်နံနက် ၉ နာရီက (၉၆)နှစ်မြောက်အမျိုးသားနေ့အောင်ပွဲအကြိုအထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကျင်းပသည်။

အဆိုပါပြိုင်ပွဲသို့ ထီးချိုင့်မြို့နယ်အတွင်းမှခြေခံပညာကျောင်းများရှိ အထက်တန်းအဆင့်တွင် “  ၀ံသာနုရက္ခိတ တရားနှင့်နိုင်ငံချစ်စိတ် ခေါင်းစဉ်ဖြင့်ကျောင်းသား ၊ ကျောင်းသူ ၁၂ ဦး ၊ အလယ်တန်းအဆင့်တွင် “ အမျိုးသား
နေ့နှင့်အမျိုးသားတာဝန် ” ခေါင်းစဉ်ဖြင့် ကျောင်းသား ၊ ကျောင်းသူ ၁၁ ဦး ၊ မူလတန်းအဆင့်တွင် “   အမျိုးသားနေ့
တို့မမေ့ ” ခေါင်းစဉ်ဖြင့်ကျောင်းသား ၊ ကျောင်းသူ ၁၄ ဦး ၊ စုစုပေါင်းကျောင်းသား ၊ ကျောင်းသူ ၃၇ ဦးဝင်ရောက်ဖြေ
ဆိုကြသည်။
(၉၆)နှစ်မြောက်အမျိုးသားနေ့အောင်ပွဲအကြိုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ကျောင်းသား ၊ ကျောင်းသူများ ၏ရင်းတွင်းအမျိုးသားရေးစိတ်ဓာတ် မျိုးချစ်စိတ်ဓာတ်များ    ကိန်းအောင်းဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီးကျင်းပ
ပေးခြင်းဖြစ်ကြောင်း နှင့် ပြိုင်ပွဲ ဆုရကျောင်းသား ၊ ကျောင်းသူ များအား အမျိုးသားနေ့အောင်ပွဲအခမ်းအနားတွင်ဆု
များချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးခင်မောင်လွင် ကပြောကြားကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment