Tuesday, November 1, 2016

ညောင်တုန်းမြို့၌ ဆိုင်ကယ်နှင့် စက်ဘီး မတော်တဆတိုက်မှုဖြစ်

ညောင်တုန်း  နိုဝင်ဘာ  
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကညင်ကောက်ကြီး ကျေးရွာအုပ်စု၊ ရွာသစ် ကုန်းကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ် ၃၃/၃ နှင့် ၃၃/၄ အကြားတွင် အောက်တိုဘာ (၃၁) ရက် ညနေ ၅း၀၀ အချိန်တွင် ဆိုင်ကယ်နှင့် စက်ဘီးတွန်းပြီး လမ်းဖြတ်ကူးသူတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ရွာသစ်ကုန်းကျေးရွာအနီးတွင် တာကွေ့လမ်းဆုံဘက်မှ ကဇန်းလမ်းဆုံဘက်သို့ မင်းကိုကို (ဘ)ဦးသိန်းစိုး၊ (၁၉) နှစ်သည် ညောင်ကုန်းကျေးရွာ၊ ဂန်ချောင်းကျေးရွာအုပ်စုနေသူ တစ်ဦးတည်းမောင်းနှင်လာ သော FZ တာဘိုစတား (အဖြူရောင်ဆိုင်ကယ်ယာဉ်) မှာ ရှေ့လားရာတူမှ စက်ဘီးတွန်းပြီး လမ်း၏ဝဲဘက်ခြမ်းသို့ ရုတ်တရက်လမ်းဖြတ်ကူးသူ ဦးဟန်ဆွေ (ဘ) ဦးတင်ထွန်း (၄၃) နှစ်၊ ရွာသစ်ကုန်းကျေးရွာ၊ ကညင်ကောက်ကြီး ကျေးရွာအုပ်စုတွင်နေသူအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်ပွတ်တိုက်မိ စက်ဘီးတွန်းပြီး လမ်းဖြတ်ကူးသူ ဦးဟန်ဆွေတွင် (ဦးခေါင်းနောက်စေ့ဖူးယောင်ဒဏ်ရာ၊ ဝဲလက်ဖျံဖူးယောင်ဒဏ်ရာ၊ ဝဲခြေမပေါက်ပြဲဒဏ်ရာ၊ ကျော ကုန်းပွန်းခြစ်ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ) များရရှိပြီး ရန်ကုန်ဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း၊ ယာဉ်အားမဆင်မခြင်မောင်းနှင်သော မင်းကိုကိုအား ချောင်းကြီးနယ်မြေရဲစခန်းက အရေးယူ ထားကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)

No comments:

Post a Comment