Tuesday, November 1, 2016

ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စွမ်းရည်မြှင့်မားရေးသင်တန်း ဖရူဆိုမြို့၌ ဖွင့်လှစ်


ဖရူဆို  အောက်တိုဘာ  
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်ရှိ ရက်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြှင့်မားလာစေရေးအတွက် စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၃၁ ရက်နံနက် ၉ နာရီက ဖရူဆိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသိန်းက ဖရူဆိုမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားစေရန်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအပြင် ပြည်သူအများပါဝင်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းရေးဆွဲရာတွင် စီမံခန့်ခွဲမှုအပိုင်းများ သိရှိနားလည်သဘောပေါက်စေရန် သင်တန်းကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားသွားပြီး သင်တန်း အစီအစဉ်အတိုင်း ပို့ချခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းကို အောက်တိုဘာ ၃၁ ရက်နေ့မှ နိုဝင်ဘာ ၄ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပြီး  သင်တန်းနည်းပြများအဖြစ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် ဒုတိယဦးစီးမှူးများအပြင်(INGO)မှ (MERCY Corps) မှ အမှုဆောင်ဒါရိုက်တာများမှ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း၊ စည်ပင်သာယာရေးဆိုင်ရာ ကိစ္စများ၊ မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စများ၊ မှုခင်းများနှင့် သက်ဆိုင်သောကိစ္စများ၊ သစ်တော၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာကိစ္စများ၊ ဥပဒေဆိုင်ရာများ၊ မီးဘေး၊ သဘာဝဘေးဆိုင်ရာများနှင့် ပြည်သူအများ ပါဝင်သော ဖွံ့ဖြိုးရေး စီမံကိန်းဆိုင်ရာရေးဆွဲခြင်း စသည့်သင်ခန်းစာများကို ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment