Tuesday, November 1, 2016

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်နှင့် ပတ်သက်၍ လိုက်နာကျင့်သုံးဆောင်ရွက်ရမည့် ညွန်ကြားချက်များ ဆင့်ပွားသင်တန်း ဆောမြို့တွင်ဖွင့်လှစ်


ဆော နိုဝင်ဘာ ၁

ဂန့်ဂေါခရိုင် ဆောမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကကြီးမှူး၍ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်နှင့် လိုက်နာကျင့်သုံးဆောင်ရွက်ရမည့် ညွှန်ကြားချက်များ ဆင့်ပွားသင်တန်း ဖွင့်ပွဲကို အောက်တိုဘာ ၃၁ ရက်က ဆောမြို့ ယောမင်းကြီးခန်းမတွင် ပြုလုပ်ရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြဝင်းက အမှာစကား ပြောကြားသည်။

အဆိုပါ သင်တန်းတွင် အဖွဲ့အတွင်းရေးမှူး ဦးဟုန်းလိန်းနှင့် အဖွဲ့ဝင်များက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များထုတ်ပေးခြင်း၊ ပြောင်းလဲပြင်ဆင်ပေးခြင်းနှင့် မြေယာ အငြင်းပွားမှု ဖြေရှင်းခြင်း၊ အယူခံခြင်းများ ဖြေရှင်းဆုံးဖြတ်ရာတွင် လိုက်နာဆောင်ရွက်ကျင့်သုံးရမည့် ညွှန်ကြားချက်တို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ပို့ချဆွေးနွေး ကြသည်။
သင်တန်းသို့ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ ၁၁၂ ဦးတို့ တက်ရောက် ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment