Wednesday, November 9, 2016

ဇလွန်မြို့ မီးသတ်ဦးစီးဌာန ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ

ဇလွန်        နိုဝင်ဘာ         
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးရန်လင်းထွဋ်နှင့်အဖွဲ့သည် မီးဘေးအန္တရာယ်  ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို နိုဝင်ဘာလ (၉)ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဈေးနှင့် အ.ထ.ကကျောင်း ဗိုလ်ချုပ်လမ်းနှင့် ကျေးရွာများတို့တွင် သွားရောက်ဆောင်ရွက်ကြသည်။

မီးသတ်ဦးစီးမှူး ဦးရန်လင်းထွဋ် အဖွဲ့သည် ဇလွန်မြို့ပြည်သူ့ဈေး ၊ အ.ထ.ကကျောင်း ဗိုလ်ချုပ်လမ်းနှင့် ကျေးရွာ များသို့ပါ ယနေ့ နံနက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန ၊ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးပညာပေး စာစောင်များအား ဖြန့်ဝေရာ မီးဘေးဆိုသည်မှာ လူပြုသောဘေးတစ်ခုဖြစ်သည်။ သဘာဝဘေးလည်း ဖြစ်နိုင်သည်။ လူသားအရင်းအမြစ်နှင့် သဘာဝအရင်းအမြစ်အားလုံးကို ဖျက်ဆီးပစ်နိုင်သော ဘေးဆိုးတစ်ခုဖြစ်ကြောင်း ၊ မီးဘေးကို ကြိုတင်ကာကွယ်မှုဖြင့် အနိုင်ယူပါ။
“ မီးမရိုသေ သုံးစွဲလေမွဲတေဆင်းရဲမည်” လောင်စာတွေကိုရှင်း မီးဘေးအန္တရာယ်ကင်း ၊ စုပေါင်းကာကွယ် မီးအန္တရာယ် မီးလောင်ဆုံးရှုံးမှု အခြေအနေများ မီးဖိုအသုံးပြုလျှင် ၊ ဘုရားမီးအမွှေးတိုင်မီးပူဇော်လျှင် ၊ မိမိနေအိမ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ၊ အထပ်မြင့်တိုက်များ မီးလောင်လျှင် ၊ မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ်ကြုံတွေ့ရလျှင် ၊ ဆေးလိပ်သောက်လျှင် ၊ လျှပ်စစ်ဓာတ်အားသုံးလျှင် ၊ ဓာတ်ဆီဖြည့်လျှင် ၊ ဓာတ်ဆီဖလှယ်လျှင် ၊  မိသားစုဝင်အားလုံး အပြင်သွားမည်ဆိုလျှင် ၊ မီးလောင်ကျွမ်းခြင်း ၊ မီးသတ်ဆေးဘူး အသုံးပြုပုံ ၊ မီးသတ်ယာဉ်များ အမြန် လာရောက်ငြိမ်းသတ်နိုင်ရေး ၊ ဖုန်းနံပါတ်များ ၊ စာစောင် ၊ ဆောင်ပုဒ်များပါရှိသော လက်ကမ်းစာစောင် (၁၅၀၀)ကျော်အား ဇလွန်မြို့နယ် လူစည်ကားရာ နေရာများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန် / ဆက်)

No comments:

Post a Comment