Wednesday, November 9, 2016

ကျေးရွာအခြေပြု ရေ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ကျန်းမာခြင်းဆိုင်ရာ သန့်ရှင်းရေး ရန်ပုံငွေများပေးအပ်



ကနီ     နိုဝင်ဘာ     

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ကျေးရွာအခြေပြု ရေ၊ ပတ်ဝန်းကျင်သန့် ရှင်းရေးနှင့် ကျန်းမာခြင်းဆိုင်ရာ သန့်ရှင်းမှုမြှင့်တင်ရေး အစီအစဉ် (WASH) ပတ်ဝန်းကျင်သန့်ရှင်းရေး ရန်ပုံငွေ လွဲပြောင်းပေးအပ်ပွဲကို  မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် နိုဝင်ဘာ ၉ရက်နေ့က ကျင်းပခဲ့ပါသည်။


ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝေမာနွယ် ရေနှင့်ပတ်ဝန်ကျင် သန့်ရှင်းရေး၊ ကျန်းမာခြင်းဆိုင်ရာ သန့်ရှင်းမှုလုပ်ငန်းများကို ကနီမြို့နယ်နှင့် ထိစပ်လျက်ရှိသော ကျေးရွာအုပ်စု (၁၀)အုပ်စုရှိ ကျေးရွာပေါင်း (၄၀)ရွာကို ကျန်းမာရေးနှင့်ညီညွှတ်သော  ရေသန့်ရရှိရေးအတွက် စီမံချက်ချဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်နည်းပါးဆောင်ရွက်နိုင်ခဲ့ပြီး အခုကျေးရွာလေးရွာမှ  ကျန်းမာခြင်း ဆိုင်ရာသန့်ရှင်းသော ရေလောင်း ယင်လုံအိမ်သာများ ဆောင်ရွက်ရန် ပံ့ပိုးရန်ပုံငွေများ လွဲပြောင်းပေးအပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် Save The Children မှ တာဝန်ရှိသူ ဦးတင်မောင်ဝင်းက ကျေးရွာများရှိ အိမ်သာများကို ကြွေခွက်တပ်အိမ်သာဆောက်လုပ်ရန်အတွက် ကျေးရွာမှပူးပေါင်းပါဝင်သော ရန်ပုံငွေနှင့် ကျွန်တော်တို့ (SC)မှ ပံ့ပိုးရန်ပုံငွေပူပေါင်း၍ ကျေးရွာမှထည့်ဝင်ငွေက တစ်ဆဆိုလျှင် (SC)က တစ်ဆခွဲ ထည့်ဝင်ထောက်ပံ့မှုဖြင့် ကြုံသလိုမစင်စွန့်ခြင်း ကင်းလွတ်အောင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသော ကျေးရွာကျန်းမာရေးကော်မတီဝင်များက ဆောင်ရွက်မည့် အခြေအနေနှင့် ပတ်သက်၍သိရှိလိုသည်များ တင်ပြဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ၀က်ချောင်းကြီးကျေးရွာ၊ ရွာသာ၊ ရသယာနှင့် ဒေါင်းခြံကျေးရွာများအတွက် ရန်ပုံငွေများလွဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီဝင်များက လက်ခံ ရယူခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး နှင့် ကျန်းမာခြင်းဆိုင်ရာ လုပ်ငန်းများကို သြစတြေးလျ နိုင်ငံမှ ပံ့ပိုးကူညီမှုဖြင့် ကနီမြို့နယ်အတွင်း၌ ကျေးရွာအုပ်စု(၁၀)အုပ်စုမှ ကျေးရွာပေါင်း (၄၀)ရွာတွင် ဆောင်ရွက် မှာဖြစ်ပြီး အိမ်ထောင်စု (၅၀၄၉)စုနှင့် လူဦးရေ (၂၆၉၆၃)ဦးတို့အား တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိမည် ဖြစ်ကြောင်း သိရသည်။
                      

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment