Wednesday, November 9, 2016

ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် အခမဲ့ဆေးကုသပေးခြင်းကို ကွင်းဆင်းဆောင်ရွက်

သီပေါ၊ နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းကို နိုဝင်ဘာလ (၈)ရက်နေ့ နံနက် (၁၀)နာရီအချိန်မှမွန်းလွဲ (၂)နာရီအထိ သီပေါမြို့၊ တောင်မြို့ရပ်ကွက်၊ မြသီတာ သစ်စက်ဝင်း အတွင်း ဆောင်ရွက်ခဲ့ကြသည်။





ဟောပြောပွဲတွင် မိခင်နှင့်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်တင်အေးမြင့်က အခမဲ့ဆေးကုခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်အိအိကျော်က နှလုံးရောဂါအကြောင်း သိကောင်းစရာ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာရီက အစားအသောက်ပါ ဆိုးဆေးအန္တရာယ် စသည်တို့ကို အသီးသီး ရှင်းလင်း ဟောပြောခဲ့ကြပြီး တိုင်းရင်းဆေးပညာဦးစီးဌာနက အခမ်းအနား တက်ရောက်လာသူများကို ကျန်းမာရေးစစ်ဆေး ပေးခြင်း ဆေးကုသပေးခြင်းများဆောင်ရွက်ပေးခဲ့ကာ စားသုံးသူရေးရာ ဦးစီးဌာနက ဌာနထုတ် အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။


မြို့နယ်ပြန်/ဆက်

No comments:

Post a Comment