Friday, November 4, 2016

ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့မှ မသင်္ကာဖွယ် ဘင်္ဂလီလူမျိုးများ ထပ်မံဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၃

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနယ်မြေများ အတွင်းသို့ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများ ထပ်မံဝင်ရောက်မှု မရှိစေရေးအတွက် တပ်မတော်စစ်ကြောင်းများ၊ တပ်မတော် (ရေ) အထူးတပ်ဖွဲ့များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်စဉ် နိုဝင်ဘာ ၂ ရက် ည ၇ နာရီ ၅၀ မိနစ်တွင် ရသေ့တောင်မြို့နယ်၊ ဒုံပိုက်ကျေးရွာ၏ အနောက်ဘက် ၄ မိုင်ခန့်အကွာရှိ ပုဒ်မ-၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာအတွင်း၌ မောင်တင်ရွှေ အမည်ရှိ မသင်္ကာဖွယ် ငါးဖမ်းစက်လှေ တစ်စီးအား တွေ့ရှိခဲ့သည်။


အဆိုပါ ငါးဖမ်းစက်လှေအား သွားရောက်စစ်ဆေးရာ စက်လှေပေါ်တွင် လိုက်ပါလာသော ဇာဖောက်ရာမောက် (ဘ) မော်စတာကာမာရ်၊ မော်ဂူလ် (ဘ) အာလီအာမောက်၊ ဟာဖိတ်ဟူဆောင်း (ဘ) အဒူခေါ်ရိမ်၊ မာမတ်ဟူဆောင် (ဘ) အလီဟူဆောင်၊ မာမတ်အီနိုစ် (ဘ) ဟာမာမတ်အမိန်၊ မာမောက်ရော်ဖိတ် (ဘ) အဒူဂေါ်နီ၊ မာမောက်ရော်ဖိတ် (ဘ) နုရ်ဟာနှင့် မာမောက်ရော်ဟိမ် (ဘ) နူရ်မာမောက် တို့ကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူနိုင်ရေး အင်းဒင်နယ်မြေ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် မောင်တောမြို့နယ်၊ ပြောင်ပိုက်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ တောအတွင်း၌ နိုရူဆောင်း (ဘ) ဟူဆောင်း၊ အီလီယာစ် (ဘ) အဘူဆော်တီ၊ နိုဂူဘရှော့ (ဘ) ရှော့မူလူနှင့် ခါမာန်ဟူဆိန် (ဘ) မာမွတ်ဆာလောင် တို့ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးရမိသူများအား ကြိမ်ချောင်းနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

မြဝတီ

No comments:

Post a Comment