Friday, November 4, 2016

မြန်မာ့ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖမ်းမိ

နေပြည်တော် နိုဝင်ဘာ ၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တပ်မတော် (ရေ) မှ နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် နိုဝင်ဘာ ၂ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် မင်္ဂလာကြီးချောင်းနှင့် ပြင်ဖြူချောင်းအကြား၌ မသင်္ကာဖွယ် လှေတစ်စီးအား တွေ့ရှိသဖြင့် စစ်ဆေးရာ မိမိနိုင်ငံ ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟာမစ် (ဘ) ဂေါ်ဘီယာမွတ်၊ အစ္စမိုင် (ဘ) အီစလမ်နှင့် နိုဘိုဆောင်း (ဘ) မာမတ်စီးတီး တို့ကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး မောင်တောမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။


မြဝတီ

No comments:

Post a Comment