Friday, November 4, 2016

မောင်တောမြို့နယ် နူရူလာ ရဲကင်းစခန်းအား လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်

မောင်တော နိုဝင်ဘာ ၃

မောင်တောမြို့မှ ၃ မိုင်ခန့်အကွာရှိ နူရူလာ ရဲကင်းစခန်းကို ယနေ့ ညနေ ၅ နာရီ မိနစ် ၅၀ ခန့်က လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ရဲကင်းစခန်းရှေ့ ကင်းသမား နှစ်ဦး ကင်းစောင့်နေသည့် နေရာအနီးသို့ ဆိုင်ကယ်သုံးစီးဖြင့် လူများ ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ငယ် ပစ်ခတ်သံကြောင့် ကင်းစခန်းအတွင်းရှိ တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့သဖြင့် လက်နက်ငယ်ဖြင့် လာရောက် ပစ်ခတ်သူများမှာ ဆိုင်ကယ်များ ထားရစ်ပြီး ဒဏ်ရာများ ရရှိကာ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အဆိုပါ ပစ်ခတ်ခံရမှု ကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးပြီး ကျန်တပ်ဖွဲ့တစ်ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

လာရောက် ပစ်ခတ်သူများ ကျန်ရစ်ခဲ့သည့် ဆိုင်ကယ်များနှင့် အတူ  ဓာတ်ဆီ ထည့် ထားသည့် လက်လုပ်ဗုံး တစ်လုံးနှင့် ပစ္စတိုအိတ် အလွတ်လေးခု တို့ကိုလည်း သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။


(သတင်းစဉ်) 

No comments:

Post a Comment