Wednesday, November 9, 2016

ကျိန္တလီမြို့ ပတ္တမြားလမ်းသွယ်ကို ကွန်ကရစ်ခင်းအဆင့်မြှင့်တင်

ကျိန္တလီ   နိုဝင်ဘာ ၉
၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေ ကျပ်သန်း (၅၈.၂၀၁) ဖြင့် ကျိန္တလီမြို့ စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် အမှတ် (၁) ရပ်ကွက် ၊ ပတ္တမြား လမ်းသွယ် ကွန်ကရစ်ခင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို
စက်တင်ဘာလ (၁၀) ရက်နေ့မှစတင် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်း၏ (၄၀) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်၍ အဆိုပါ ကွန်ကရစ် လမ်းမှာ အရှည် (၁၆၀) ပေ ၊ အကျယ် (၁၂) ပေ ၊ အမြင့် (၈) လက်မထုဖြင့် ဆောင်ရွက်နေပြီး ၂၀၁၇ မတ်လကုန် အပြီးသတ် ဆောင်ရွက် သွားမည့်ဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဒေါ်သီရိဆွေမှ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment