Wednesday, November 9, 2016

မျက်စိအတွင်းတိမ်လူနာအား မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ်ကုသပေးမည်

ချောင်းဆုံ            နိုဝင်ဘာ
မွန်ပြည်နယ်အတွင်းရှိ မျက်စိအတွင်းတိမ်ခံစားနေရသော ပြည်သူများအား ထိုင်းနိုင်ငံအဖွဲ့ SCG Thailands's Crown Property Bureau and Banphaeo Hospital နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန တို့ပူးပေါင်းပြီး မောင်လမြိုင်ပြည်သူ့ ဆေးရုံကြီးတွင်  နိုဝင်ဘာ ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့ထိ မြို့နယ်(၁၀)မြို့နယ်မှ အတွင်းတိမ်လူနာ(၂၀၀)ဦးအား ခွဲစိတ်ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။  

အဆိုပါကုသမှုနှင့် ပတ်သက်ပြီး ချောင်းဆုံမြို့နယ်မှ မျက်စိအတွင်းတိမ် ခံစားနေရသော ဝေဒနာရှင်များ အနေဖြင့် နိုဝင်ဘာ ၂၈ ရက်နေ့တွင် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်ကြီးများက ခွဲစိတ်ရမည့် လူနာများအား ထပ်မံစစ်ဆေးအတည်ပြုသွားမည်ဖြစ်ရာ ခွဲစိတ်ကုသမှုခံယူသူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာန၊ ဌာန(ခွဲ)များနှင့် သက်ဆိုင်ရာရပ်/ကွက် အုပ်ချုပ်ရေးမှူးများထံသို့ သွားရောက် စာရင်းပေးနိုင်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)



No comments:

Post a Comment