Wednesday, November 23, 2016

ဇီးကုန်း၌(၃၃)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်ပွဲနှင့် ပင့်ဆောင်အပူဇော်ခံပွဲကျင်းပ

ဇီးကုန်း၊ နိုဝင်ဘာ ၂၂
ဗုဒ္ဓမြတ်စွယ်တော်အား လူအများကြည်ညိုသဒ္ဒါဖူးမျှော်နိုင်စေရန် တစ်နှစ်တာ ကိန်းဝပ်စံပယ်တော်မူတော် ဂန္ဓာကုဋီတိုက် အတွင်းမှ အပူဇော်ခံပလ္လင်ထက်သို့ ပင့်ဆောင်ပူဇော်ပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၌ နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လည် ၃ နာရီက သမိုင်းဝင်မူလာရာမ မြသိန်းရံစေတီတော် သံဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။   
 ထို့နောက် နာယကဆရာတော် ဘန္ဒန္တတေဇ၀န္တထံမှ သြ၀ါဒခံယူ၍ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်း၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ပွဲတော်ကျင်းပရေး ဥက္ကဌဦးသိန်းမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဗုဒ္ဓမြတ်စွယ်တော်အား အပူဇော်ခံပလ္လင်ထက်သို့  လူအများ အပူဇော်ခံနိုင်စေရန် ပင့်ဆောင်ခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် နှစ်ကျိပ်ရှစ်ဆူနှင့် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် (၃၃) ကြိမ်မြောက် ရှိပြီဖြစ်ပါသည်။ယခုနှစ်တွင်လည်း တန်ဆောင်မုန်းလပြည့်ကျော် (၁၃) ရက် နေ့လည် ၁ နာရီ၌ ဆင်တော်မင်္ဂလာဖြင့် ပင့်ဆောင်၍ ဒေ၀ါဝင်း၊ ရာဇာဝင်း ၊ ဇာတ်နိပါတ်များဖြင့် မြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည် အပူဇော်ခံမည်ဖြစ်ပြီး အဆိုတော်များ၊ ဟာသလူရွှင်တော်များဖြင့် ဧည့်ခံဖျော်ဖြေမည်ဖြစ်ပါကြောင်း သိရှိရသည်။

(ဇီးကုန်း၊ ပြန်/ဆက်)

No comments:

Post a Comment