Wednesday, November 23, 2016

မြို့အင်္ဂါရပ်နှင့်ညီညွတ်ရေးအတွက် ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်

ကျောက်တံခါး၊ နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့ ကွင်းမြောက်ရပ်ကွက် မြတ်လေးလမ်းတွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းကို နိုဝင်ဘာ ၂၂ ရက် ကဆောင်ရွက်ခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်တံခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက် လျှက်ရှိရာ ကျောက်တံခါးမြို့ ကွင်းမြောက်ရပ်ကွက် မြတ်လေးလမ်းတွင် လမ်းအရှည် ၁၅၇၇ ပေ လမ်းအကျယ် ၁၀ ပေ၊ လမ်းထု ၃ လက်မဖြင့် ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါကတ္တရာ လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးသန်းဦးနှင့် တာဝန်ခံ အင်ဂျင်နီယာ ဦးစိုးမင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမြင့်သန်းတို့မှ လုပ်ငန်းဆောင်ရွက် နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရှိသည်။

(ကျောက်တံခါး၊ ပြန်/ဆက်)

No comments:

Post a Comment