Thursday, November 3, 2016

ဘူးသီးတောင်မြို့၌ ရွှေ့ပြောင်းရောက်ရှိလာသော အိမ်ထောင်စုဝင် ၃၂ ဦး ကျန်ရှိ

ဘူးသီးတောင် နိုဝင်ဘာ  ၃
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ အောက်တိုဘာ ၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာများမှ နေရပ်စွန့်ခွာလာသည့် ဒေသခံပြည်သူများ၊ အချို့သည် ဘူးသီးတောင် မြို့နယ်သို့ရောက်ရှိလာရာ ဘူးသီးတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယာယီစခန်းဖွင့်လှစ် ပြီး အိမ်ထောင်စု (၄၁၆)စု၊ လူဦးရေ (၁၃၅၅)ဦးတို့ကိုနေရာချထားပေးခဲ့ရာ ယခုအခါ အိမ်ထောင်စု (၄၀၇)စု လူဦးရေ (၁၃၂၃)ဦးတို့ကို မောင်တောမြို့နယ်ရှိ မိမိနေရပ်အသီးသီးသို့ ပြန်လည်သွားရောက်လိုသည့်အတွက် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ယာယီစခန်းတွင် အိမ်ထောင်စုဝင်များ နည်းပါးသွားပြီး စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးတို့အတွက်  ကျန်ရှိ အိမ်ထောင်စုဝင်အချို့ကို အောက်တိုဘာ ၃၀ ရက်နေ့တွင် ဘူးသီးတောင်မြို့ သုဓမ္မာရုံ ဘုန်းတော်ကြီးကျောင်းတိုက်သို့ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းတိုက်တွင် စံပယ်ရင်းကျေးရွာမှ အိမ်ထောင်စု (၉)စု၊ လူဦးရေ (၃၂)ဦး ယာယီနေထိုင် လျက်ရှိပြီး အောက်တိုဘာ ၄ ရက်နေ့တွင် အိမ်ထောင်စု (၃)စု၊ လူဦးရေ (၉)ဦးတို့သည် မိမိနေရပ်သို့ ပြန်လည် သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ်(ပြန်/ဆက်)


No comments:

Post a Comment