Thursday, November 3, 2016

(၁)နှစ်အောက်ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအားလစဉ်ပုံမှန် ကာကွယ်ဆေးထိုးပေး

 ပလောက် နိုဝင်ဘာ ၃
မြိတ်ခရိုင် ၊ ပလောက်မြို့ အမှတ်(၁)ရပ်ကွက်အတွင်းမှ အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ရီရီသိန်းနှင့် သားဖွားဆရာမ ဒေါ်အိအိထွေး အဖွဲ့က အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ နိုဝင်ဘာ ၂ ရက်က ဆောင်ရွက်ခဲ့သည်။

ရပ်ကွက်အတွင်းရှိ တစ်နှစ်အောက်ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေးနှင့် ပိုလီယိုထိုးဆေးများ ထိုးနှံပေးခြင်း၊ ပိုလီယိုစက်ချဆေးတိုက်ကျွေးခြင်း၊ ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကာကွယ် ဆေး(PCV) ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ပလောက်မြို့၌ ကာကွယ်ဆေးများ ထိုးပေးခြင်းကို မြို့ပေါ်အခြားရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း ဆက်လက် သွားရောက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ပလောက်(ပြန်/ဆက်)

No comments:

Post a Comment