Wednesday, November 23, 2016

ပုလဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ(ဖလား) ဌာနပေါင်းစုံ (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်ပွဲနှင့် ဆုပေးပွဲကျင်းပ

ပုလဲ နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊  ပုလဲမြို့၊  ပြည်သူ့အားကစားကွင်း၌   မြန်မာ့အားကစား နိုင်ငံတကာအဆင့်မီ   တက်လှမ်းနိုင်ရေးအတွက် စီမံကိန်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ    မျိုးဆက်သစ် လူငယ်အားကစားသမားကောင်းများ   စုဆောင်း  ရရှိရေး နှင့် ထူးချွန်      ထက်မြက်သည့်   
အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ ကျင်းပလျက်ရှိသော မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ (ဖလား)ဌာနပေါင်းစုံ(အလွတ်တန်း)  ဘောလုံး ပြိုင်ပွဲ  ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၂ ရက် ၊ညနေ ၃  နာရီ က စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုလဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ (ဖလား) ဌာနပေါင်းစုံ(အလွတ်တန်း)  ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပညာရေး(က)အသင်းနှင့် သမ၀ါယမအသင်းတို့ ယှဉ်ပြိုင်ကစားရာ ပညာရေး(က) အသင်းက သမ၀ါယမအသင်းကို ၃ဂိုး၊ ၂ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ထိုနောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ   မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးအောင်မြင့်ကတတိယဆု  ရရှိသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းအား  တစ်ဦးချင်း  ဆုတံဆိပ်နှင့် ငွေသားဆုကို   လည်းကောင်း၊    ယင်းမာပင်ခရိုင်အား/ကာဦးစီးဌာန၊   လက်ထောက် ညွှန်ကြားရေးမှူး ဦးကမ်းဆွမ်းလျန်က ဒုတိယဆုရရှိသော သမ၀ါယမအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပထမဆုရရှိသော ပညာရေး(က)အသင်းအား တစ်ဦးချင်း  ဆုတံဆိပ်နှင့် ငွေသားဆုကို လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက တံခွန်စိုက်ဆု   ဖလားရရှိသော ပညာရေး( က ) အသင်းအား လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့်ဌာနဆိုင်ရာ  ၀န်ထမ်းများနှင့် ဒေသခံ ပြည်သူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက (၉၆)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)


No comments:

Post a Comment