Friday, November 18, 2016

ဝါးခယ်မတွင် ၀န်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းစဉ်များ ရှင်းလင်း

ဝါးခယ်မ နိုဝင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ၀ါးခယ်မမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် ၀န်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းစဉ်များ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံရှင်းလင်းခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနိုဝင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီခွဲက ပြုလုပ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူး ယာယီ ဒုတိယရဲမှူးကြီး ညွန့်ဇော်က ၀န်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းစဉ် များနှင့်ပတ်သတ်ပြီး ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ ပြနာဖြေရှင်းမှုကို ရှေးရှုသော ရဲလုပ်ငန်းစနစ်၊ ပြည့်စုံသော မှုခင်းဆိုင်ရာ သတင်းအချက်အလက်များ အခြေခံသော ရဲလုပ်ငန်းစနစ်များကို အသေးစိတ် ချပြ ရှင်းလင်း ဆွေးနွေးပေးပြီး တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထု ဘေးကင်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ကိုင် ဆောင်ရွက်မှုများ အပြင် စိတ်ဓါတ် ခံယူချက်များပါ ပြောင်းလဲဖို့လိုအပ်ကြောင်း ပြေားကြားပေးသည်။
အခမ်အနားသို့ ၀ါးခယ်မမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးဌေးအောင်၊ ရုံးဦးစီး ရဲအုပ်သန်းထွန်း၊ မှုခင်းမှတ်တမ်းတာဝန်ခံ ရဲအုပ်ကောင်းမြတ်သူ၊ ကျုံမငေးနယ်မြေ၊ ရွှေလောင်းနယ်မြေ၊ ငှက်ပျောချောင်းနယ်မြေနှင့် ကျွန်းကုန်းရဲကင်းမှ စခန်းမှူးများ အပါအ၀င် ရုံး၊ ရဲစခန်း၊ ရဲကင်းများမှ အရာရှိ ၁၃ ဦး၊ အခြားအဆင့် ၆၆ ဦး တက်ရောက် ကြောင်း သိရသည်။

(ဝါးခယ်​မ၊ ပြန်​/ဆက်​)

No comments:

Post a Comment