Friday, November 18, 2016

ကလေးသူငယ်အခွင့်အရေးနေ့ အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲများ ကျင်းပ


မြောင်းမြ၊ နိုဝင်ဘာ ၁၇
မြို့နယ် ပညာရေးဌာနနှင့် ဝေါဗွီးရှင်းမြန်မာတို့ ပူးပေါင်း၍ မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ  ကော်မတီတို့ ကြီးမှူးကျင်းပသော (၂၇) ကြိမ်မြောက် ၊ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူ စာချုပ်အထိမ်းအမှတ် နှစ်ပတ်လည်နေ့ အကြိုအားကစား ပြိုင်ပွဲများကို ယနေ့ နိုဝင်ဘာ (၁၇)ရက်နေ့ နံနက်က မြောင်းမြမြို့ အထက(၁) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။



ရင်သွေးငယ်လေးများ၏ အတွေးအခေါ်နှင့် ဥာဏ်ရည်ဖွံ့ဖြိုးရေး ၊ ကျန်းမာကြံ့ခိုင် သန်စွမ်းရေး ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သော အဆိုပါ အားကစားပြိုင်ပွဲများတွင် ပူစီပေါင်း ဖေါက် ကစားနည်း ၊ အကျီ င်္ ကြယ်သီးတပ် ကစားနည်း၊ ကုလားထိုင်လု ကစားနည်းနှင့် ကိန်းဂဏန်းရေတွက်ခြင်း ၊ ဆေးရောင်ခြယ်ခြင်း၊ ငါးပုံရေးဆွဲခြင်းတို့ပါဝင်ပြီး မြို့ပေါ်  KG ကျောင်း(၁၃) ကျောင်းမှ ရင်သွေးငယ် သားသမီးများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ယနေ့ ပြုလုပ်သော အကြို အားကစားပြိုင်ပွဲတွင် ပ/ဒု/တ  ဆုရ ကလေးငယ်များ အား နိုဝင်ဘာ (၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၂၇) ကြိမ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူစာချုပ် အထိမ်းအမှတ်နေ့တွင် အခမ်းအနားဖြင့် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ယနေ့လာရောက်သော ရင်သွေးငယ် သားသမီးများအားလုံး လက်ဆောင်ပစ္စည်းများ ပေးဝေခဲ့ကြောင်း သိရသည်။

(မြောင်းမြ၊ ပြန်/ဆက်)

No comments:

Post a Comment