Friday, November 11, 2016

မီးဘေးကင်းစင်ရေး လိုက်လံစစ်ဆေး အကြံပြုခြင်းများနှင့် လေ့ကျင့် ခြင်းများ ဆောင်ရွက်


သထုံ ၊ နိုဝင်ဘာ ၊ ၁၁
ပူပြင်းခြောက်သွေ့လာသည့် ပွင့်လင်းရာသီကာလတွင် မီးဘေးအန္တရာယ်ကင်းဝေးပြီး ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ယခုလ အတွင်း မီးဘေးလုံခြုံရေး လုပ်ငန်း များကို အလေးထားဆောင်ရွက်နေပြီး စွမ်းရည်ပြည့်ဝစေရန် အတွက် လေ့ကျင့်မှုများကိုလည်း ပိုမိုဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

သထုံခရိုင်ထဲက မြို့နယ်တိုင်းမှာ မီးဘေးအန္တရာယ် ကင်းစင်ဖို့အတွက် တစ်အိမ်တက်ဆင်း လိုက်လံ စစ်ဆေးကြပ် မတ်ပြီးတော့ မီးငြိမ်းသတ်လက်တွေ့သရုပ်ပြသတာမျိုးကိုလည်း ကျေးရွာ တော်တော် များများမှာပြုလုပ်ခဲ့တယ်။ ဈေး၊ စက်ရုံ၊ အလုပ်ရုံတွေနဲ့ အခြားလုပ်ငန်းတွေမှာလည်း သတ်မှတ်ထားတဲ့ အရေးပေါ်မီးငြှိမ်းသတ် ပစ္စည်းတွေ ရှိမရှိစစ်ဆေးပြီး မီးလောင်မှုဖြစ်ပွားနိုင်တဲ့ အကြောင်းအရင်း တွေကို သတိမူကြဖို့ ဆွေးနွေးအကြံပြုခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားရင် အဓိက အရေးကြီးတာက မီးသတ်ယာဉ်အ၀င်အထွက် လမ်းအဆင်ပြေဖို့ပါဘဲ။ ဒါကိုပြည်သူတွေ နားလည် စေဖို့ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှုးတွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး ရပ်ကွက်/ ကျေးရွာ အတွင်းမှာ မီးသတိပေးနှိုး ဆော်တာကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်မှာပါ။ ဟု သထုံခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင်ထွန်းက ပြောသည်။
မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေး၊ မီးငြိမ်းသတ်ရေး၊ စွမ်းဆောင်ရည်မြင့်တင်ရေး စသည့် လုပ်ငန်းများ ကိုခရိုင်အတွင်း စီမံချက်ဖြင့်ဆောင်ရွက်လျက်ရှိပြီး မီးသတ်တပ်ဖွဲ့ဝင်များ အမြဲသတိရှိ နေစေရန် ဇာတ်တိုက်လေ့ကျင့် မှုများကိုပါ မပြတ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
သထုံခရိုင်အတွင်းရှိ မြို့နယ် လေးခုတွင် မီးငြိမ်းသတ်ယာဉ် ၁၉ စီး၊ ရေသယ်ယာဉ် ၈ စီး၊ မီးသတ် စက်ယာဉ် ၁၂ စီး၊ မီးသတ်သန္ဓေတပ်ဖွဲ့ဝင် ၁၁၆ ဦးနှင့် အရန်မီးသတ်အဖွဲ့ဝင် ၂၆၄၄ ဦးတို့ဖြင့် အရေး ပေါ်မီးလောင်မှုဖြစ်ပွားပါက အချိန်မီထိန်း သိမ်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ပါက သက်ဆိုင် အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း ခရိုင်မီးသတ်ဦးစီးဌာန မှသိရသည်။

သက်ဦး(သထုံ)

No comments:

Post a Comment