Friday, November 11, 2016

စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့ လူစုလူဝေးအား စနစ်တကျထိန်းသိမ်းခြင်း (ဆင့်ပွား) အမှတ်စဉ် (၄/၂၀၁၆)သင်တန်းဆင်း


 စစ်ကိုင်း - နိုဝင်ဘာ(၁၁)

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ လမ်းညွှန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ ကြီးကြပ် ကွပ်ကဲမှုဖြင့် စစ်ကိုင်း ခရိုင်ရဲတပ်ဖွဲ့မှ လူစုလူဝေးအား စနစ်တကျထိန်းသိမ်းခြင်း (ဆင့်ပွား) အမှတ်စဉ် (၄/၂၀၁၆) သင်တန်းဆင်းပွဲကို နိုဝင်ဘာ (၁၁)ရက် ၊ နံနက်(၉)နာရီအချိန်က စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးရှိ ရဲရင့်ရိပ်သာ ခန်းမ၌ကျင်းပသည်။


သင်တန်းဆင်းပွဲသို့ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြသင်းက အမှာစကားပြောကြားရာ မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များ ရဲလုပ်ငန်းတာဝန်ဝတ္တရားများ ဆောင်ရွက်စဉ် တရားခံများ၏ ပြန်လည်အကြမ်းဖက် ရန်ပြုတုံ့ပြန်မှု များကြောင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်အနာတရ ဖြစ်စဉ်များ မပေါ်ပေါက်စေရေး အတွက် လူစုလူဝေးအား ကိုင်တွယ် ထိန်းသိမ်းရာတွင် နိုင်ငံတကာမှ ကျင့်သုံးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ၏ စနစ်တကျကိုင်တွယ် ဆောင်ရွက် နေမှုအား နားလည်သဘောပေါက်စေရန် လေ့ကျင့်သင်ကြားပေးခဲ့ပြီး မိမိ တို့တာဝန်ကျရာဒေသ ရောက်ရှိတဲ့အခါ သင်တန်းကပို့ချပေးလိုက်တဲ့ သင်ခန်းစာတွေကို စဉ်ဆက်မပြတ် ဇာတ်တိုက်လေ့ကျင်း သွားကြစေရန် စသည်ဖြင့် ပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသား/သင်တန်းသူများ ကိုယ်စား အရာရှိရဲ တပ်ဖွဲ့ဝင် တစ်ဦးက လက်ခံရယူပေးသည်။

အဆိုပါသင်တန်းသို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ် / ရဲစခန်း / ရဲကင်း အသီးသီးမှ သင်တန်းသား/ သင်တန်းသူ အရာရှိ/အရာခံ/အကြပ်/တပ်သား တပ်ဖွဲ့ဝင် ရဲဘော်/ရဲမေ အင်အား(၅၀)ဦးတက်ရောက်ခဲ့ ကြပြီး သင်တန်း ကာလကို ရက်သတ္တပါတ်(၂)ပါတ်ကြာ သင်တန်းပို့ချပေးခဲ့ကြောင်းသိရသည်။

ဇော်မြင့်နိုင် - စစ်ကိုင်းခရိုင် ပြန်/ဆက်

            

No comments:

Post a Comment