Friday, November 11, 2016

အထက ငါးသိုင်းချောင်း၏(၆၅)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ


ငါးသိုင်းချောင်း  နိုဝင်ဘာ  ၁၁
ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၏ ၂၀၁၆-၂၀၁၇ပညာသင်နှစ် (၆၅)ကြိမ်မြောက် စုပေါင်းမဟာဘုံက ထိန်ပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးကျော်နိုင် အမှူုးပြုသော ဆရာဆရာမများ/ ပညာရေးဝန်ထမ်းများ/အထက ကျောင်းသားကျောင်းသူများ စုစုပေါင်းအင်အား(၂၀၀၀) ခန့်တို့က ငါးသိုင်းချောင်းမြို့အတွင်း၌ ကထိန်သင်္ကန်း/ငွေပဒေသာပင်နှင့် လှူဖွယ်ပစ္စည်းများအား စီတန်းလှည့်လည်ခဲ့ပြီး မြို့သစ်ရပ်ကွက်/ရွာသစ်ကုန်းလမ်းရှိ သာသနာ့ရက္ခိတကျောင်း တိုက်သို့စည်ကားသိုက်မြိုက်စွာ လှည့်လည်ပို့ ဆောင်ခဲ့ ကြသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲကို နှစ်စဉ်အစဉ်အလာ မပျက်ကျင်းပခဲ့ရာ (၆၅)ကြိမ်မြောက်ခဲ့ပြီဖြစ်ပြီး ယခုနှစ်တွင်      ပဉ္စမတန်းမှ ဒဿမတန်းအထိ အတန်းအလိုက်ကထိန်သင်္ကန်း (၁၈၈)စုံ/လှူဖွယ်ပစ္စည်းများနှင့် ငွေပဒေသာပင်စုစုပေါင်း အလှူငွေကျပ်တန်ဖိုး(၇၅၆၄၅၅၀)ကျပ် စုပေါင်းလှူဒါန်းပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

စိုးမင်းဦး(ပြန်/ဆက်)

No comments:

Post a Comment