အမ်း နိုဝင်ဘာလ
၂၅
သဘာဝဘေး အန္တရာယ် လျော့ချရေးဆိုင်ရာ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေး နွေးပွဲကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန
၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန
တို့က ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု
အေဂျင်စီ ( JICA)အဖွဲ့ နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်း
( CDA ) တို့၏ ပံ့ပိုးမှုဖြင့် နိုဝင်ဘာလ
၂၅ ရက် ၊ နံနက် ၉ နာရီ အချိန်က
အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အစည်းအဝေးခန်းမ၌
ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် သဘာဝဘေး လျော့ချရေးနှင့် ပတ်သက်သည့် အခြေခံသဘောတရားများ
၊ မြန်မာနိုင်ငံ အတွင်းရှိ ဘေးအန္တရာယ်များနှင့်
သဘောတရားများ ၊ သဘာဝဘေး ကြိုတင်သတိပေး စနစ်များ ၊ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်
ဆွေးနွေးခွင့်၊ မေးမြန်းခွင့်နှင့် ဂျပန်နိုင်ငံတွင် သဘာဝဘေး စီမံခန့်ခွဲမှု
အကြောင်းသွားရောက် လေ့လာခဲ့ဖူးသော သက်ဆိုင်ရာဌာန
များ က ပညာရှင်များထံမှ ဂျပန်နိုင်ငံ၏ သဘာဝ
ဘေး အတွေ့အကြုံများကို လေ့လာခွင့်ရမည်ဖြစ်ကြောင်း
အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက
အဖွင့်
အမှာစကား ပြောကြားပြီး ၊ လူ့စွမ်းအား
အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း အား
(JACA) အဖွဲ့ တာဝန်ရှိ ဒေါ်တင်တင် က မိတ်ဆက်ပြောကြားခဲ့သည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ အား အမ်းမြို့နယ်
ဌာနဆိုင်ရာ အသီးသီး က ၀န်ထမ်း ( ၅၀ )ဦး တက်ရောက်လျက်သက်ဆိုင်ရာ ဌာန/အဖွဲ့၏ ဆွေးနွေး မည့် ခေါင်းစဉ် အလိုက် တစ်ရက်အချိန်ြကာ ဆွေးနွေး၊လေ့လာ၊ဆန်းစစ်
ပို့ချမည်ဖြစ်ကြောင်း သိရှိရ သည်။
မြို့နယ်(ပြန်/ဆက်)

No comments:
Post a Comment