Friday, November 25, 2016

နယ်စပ်ရေးရာဝန်ကြီးဌာနက မူဆယ်မြို့ စစ်ဘေးရှောင်စခန်းများရှိ ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် ခြုံစောင်များ ထောက်ပံ့


နေပြည်တော်  နိုဝင်ဘာ  ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊မူဆယ်မြို့ စစ်ဘေးရှောင်စခန်း များရှိ ဒေသခံပြည်သူများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်းအိမ်ထောင်စု(၁၀၀၀) ၊ လူဦးရေ (၃၄၆၀) အတွက် ဆန်အိတ် (၂၈၄)အိတ်၊ ဆီ (၅၄၅)ပိဿာ၊ ကုလားပဲ (၁၂၁၁) ပိဿာ၊ ဆား (၁၂၂) ပိဿာနှင့် ခြုံစောင် အထည် (၁၀၀၀)တို့ကို ထောက်ပံ့ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးစခန်းများသို့ သွားရောက် လွှဲပြောင်း ပေးအပ်ခဲ့သည်။

မူဆယ်ဒေသတွင် လတ်တလောဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒေသခံ တိုင်းရင်းသား ပြည်သူများအား မူဆယ်မြို့ရှိ မဟာဝန်(မြောက်) ဘုန်းကြီးကျောင်း၊ ဇေတ၀န်ကမ္မဌာန်း ကျောင်း၊ အောင်မင်္ဂလာ ဘုန်းကြီးကျောင်း၊ နမ့်ခွမ်ဘုန်းကြီး ကျောင်း၊ ဟိုမွန်ရပ်ကွက် ကချင်နှစ်ခြင်း ခရစ်ယာန်ကျောင်း၊ စိမ့်ပီတာ ခရစ်ယာန်ကျောင်း၊ ဂေါ်ရခါးသာရေးနာရေးလူငယ်အသင်းတို့တွင် လည်းကောင်း၊ ၀န်ထမ်း မိသားစု များအား အထက(၂)နှင့် အမက(၄)တို့တွင်လည်းကောင်း ယာယီကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ကာ လိုအပ်သော ကူညီစောင့်ရှောက်မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment