Friday, November 25, 2016

ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များဆွေးနွေးပွဲ ကျင်းပ

ကျောက်တံခါး၊ နိုဝင်ဘာလ ၂၄
ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးထွန်းခင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပွဲ အခမ်းအနားကို နိုဝင်ဘာလ  (၂၄) ရက်  နံနက် (၉း၀၀) က မြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးထွန်းခင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင်များ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 

(ကျောက်တံခါး၊ ပြန်/ဆက်)

No comments:

Post a Comment