Tuesday, November 15, 2016

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ရန်ပြင်ဆင်နေသည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ၁၄ ဦးနှင့် အကြမ်းဖက်သင်တန်းတက်ရောက်ပြီးသူ ၁၇ ဦး ဖမ်းဆီးရမိ

နေပြည်တော်  နိုဝင်ဘာ  ၁၄
ရခိုင်ပြည်နယ် မောင်တောမြို့နယ် လောင်းဒုံကျေးရွာ အုပ်စုအတွင်း တပ်မတော်စစ်ကြောင်းနှင့် နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် မြဇင်ကျေးရွာသို့ ဝင်ရောက်ရှင်းလင်းစဉ် အဒူဟာမီ၏ နေအိမ်အတွင်းမှ ၎င်းနှင့် အတူ တုတ်၊ ဓားများ ကိုင်ဆောင်ထားပြီး အကြမ်းဖက်စီးနင်းတိုက်ခိုက်ရန် ပြင်ဆင် နေသူ ၁၄ ဦးကို ထပ်မံဖမ်းဆီးရမိသည်။

အဆိုပါ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများမှာ အဒူဟာမီ (ဘ) ရူးနာအာလီ၊ မာမတ်တာလောင် (ဘ) မာကီမာလီ၊ မာဘာလောင်(ဘ)ကာလူး၊ အာလီရူးမား(ဘ) အဒူဟောက်၊ ဆော်ဒူ အာမိန် (ဘ)အဒူလာလီ၊ ဘောရီဟူ ဆောင်း (ဘ) နာဇီဟူဆောင်း၊ နူရ်အာ လောင် (ဘ) အူလာမျှား၊ ဘော်ရှီအာမက် (ဘ) နူဇီရာမောက်၊ မွတ်စတာကာမာ (ဘ)ကာလာမျှာ၊ အီဒီရက်စ် (ဘ) ရှောင်ရှူအာလောင်၊ ဆွေယော့တူဆောင်း (ဘ) ရှောအာလီ၊ မာမတ်အစ္စလာမ် (ဘ)အဒူရှူကူ၊ အာဘူအာလောင် (ဘ) အော်လီအာမောက်နှင့် နူရ်ဟူဆောင်း (ဘ) ဒူဒူမျှားတို့ဖြစ်ပြီး ၎င်းတို့ နှင့်အတူ အရိုးအသွား သုံးပေခန့်ရှိသည့် ဓားရှည် ငါးချောင်း၊ အရိုးအသွား တစ်ပေခွဲခန့်ရှိ ဓားမြှောင် ရှစ်ချောင်း၊ လုံးပတ် လေးလက်မနှင့် အရှည် သုံးပေခွဲ ရှိ သစ်သားတုတ် တစ်ချောင်း စုစုပေါင်း တုတ်၊ ဓားမျိုးစုံ ၁၄ ချောင်းကို သိမ်းဆည်း ရမိသည်။
ထို့ပြင် ယနေ့ နံနက် ၅ နာရီခန့်က ပူးပေါင်းအဖွဲ့ ဖြင့် မောင်တောမြို့နယ်ရေတွင်းကျွန်းကျေးရွာသို့ သတင်းအရ ဝင်ရောက်ရှင်းလင်းပြီး စစ်ဆေးခဲ့ရာ အကြမ်းဖက်သင်တန်းတက်ရောက်ပြီးသူ မူဟီအူလာ (ဘ) နိုရူအစ္စလာမ်၊ မာမွတ် စလာမ် (ဘ) ဘာစာများ၊ မာမွတ်ဆော်လိမ် (ဘ) မူကာမွတ်ရော်ဖီး၊ ဇော်ဖော အာလောင် (ဘ) နော်ဆီးဟာမွတ်၊ ရာမောက်ဒူလာ (ဘ) နိုရာအာလောင်၊ အာတူအူလာ(ဘ)ဖွေရာမောက်၊ ရော်ဖီး (ဘ) နော်ဇီရာမောက်၊ ဆွေသူရာမ် (ဘ) ဘော်ဒီအာမူ၊ မာမွတ်စလာမ် (ဘ) မာမွတ်စီးတီး၊ အဘူဟူဆောင်း (ဘ) ဖွေရာမောက်၊ မော်လဝီဖေရူအာမောက် (ဘ) ဒူဒန်တာမော်၊ မီကာစိန် (ဘ) နိုဟာချိန်း၊ ရော်ရှီးတာမောက် (ဘ) ဖွေဇာမောက်၊ ရော်ရှီးတာမောက် (ဘ) နာဒီဟူစိန်၊ အီဒီရစ် (ဘ) အာဘူစီးတီး၊မော်လဝီမာမွတ်တာမီ (ဘ) ဟာဘစ်စာမောက်နှင့် ရာရာခါ (ဘ) အဘူရှာမာစုစုပေါင်း ၁၇ ဦးအား ဖော်ထုတ်ဖမ်းဆီး ရမိသည်။
အဆိုပါ ဖမ်းဆီးရမိ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများ၊ အကြမ်းဖက် သင်တန်း တက်ရောက်ပြီးသူများနှင့် သိမ်းဆည်းရမိလက်နက်များအား တရား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ကြိမ်ချောင်းရဲစခန်းနှင့် ကျီးကန်းပြင်နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်သို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရှိရသည်။

(မြ၀တီ)

No comments:

Post a Comment