Monday, November 14, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ


နေပြည်တော် နိုဝင်ဘာ ၁၄
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၃ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ တွင် အီတလီနိုင်ငံ ရောမမြို့ Fiumicino အပြည်ပြည်ဆိုင် ရာလေဆိပ်မှ ပြန်လည် ထွက်ခွာရာ အီတလီနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမြင့်နောင်နှင့် တာဝန်ရှိသူ များက ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံမှ တစ်ဆင့် လေကြောင်း ခရီးဖြင့် ဆက်လက်ထွက်ခွာခဲ့ပြီး ယနေ့နံနက် ၈ နာရီ မိနစ် ၅၀  တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်းနှင့် တပ်မတော်အရာရှိကြီးများ က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင် သည့်ကိုယ်စားလှယ်အဖွဲ့သည် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာကော်မတီအစည်းအဝေး (European Union Military Committee-EUMC Meeting )သို့ တက်ရောက်ခဲ့ပြီး အီတလီနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ရာမှ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment