Tuesday, November 15, 2016

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက လူနေအိမ်များအား မီးရှို့ဖျက်ဆီး

နေပြည်တော် နိုဝင်ဘာ ၁၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်း တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့ ဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဒါးကြီးဇားကျေးရွာသို့ ရောက်ရှိစဉ် ရွာအတွင်းရ လူနေအိမ်အလုံး ၆၀ ခန့်အား အကြမ်း ဖက်စီးနင်းတိုက်ခိုက်သူများက မီးရှို့ဖျက်ဆီးထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အထင်အမြင်လွဲမှားစေရန်
အဆိုပါ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများသည် ၎င်းတို့၏ နေအိမ် များအား ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက် ဆီးမှုများပြုလုပ်ကာ တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအပေါ် နိုင်ငံတကာနှင့် ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

(မြ၀တီ)

No comments:

Post a Comment