Friday, November 4, 2016

မိတ္ထီလာမြို့ အောင်စံပယ်နယ်မြေအတွင်းရှိ အိမ်ထောင်စု (၂၅၀)အား ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်


မိတ္ထီလာ၊ နိုဝင်ဘာလ ၎
မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် အောင်စံပယ်နယ်မြေအတွင်းရှိ အိမ်ထောင်စု (၂၅၀)အား နိုဝင်ဘာလ ၃ ရက်နေ့ နေ့လည် ၃ နာရီက သာရက္ခိတဓမ္မာရုံ၌ ဝင်းမာလာ အထည်ဆိုင်မိသားစုက ဆန်နှင့်ဆီ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


ရန်မျိုးအောင်ရပ်ကွက် အောင်စံပယ်နယ်မြေမှာဆိုရင် နေထိုင်ကြသူများမှာ အများအားဖြင့် လက်လုပ် လက်စား ဆင်းရဲသားများသည့်အတွက် နယ်မြေအတွင်း အမှန်တကယ်နေထိုင်သူများအား တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ဦးတင်ထွေး၊ ဒေါ်ခင်ညို မိသားစု (ဝင်းမာလာအထည်ဆိုင်မှ) အိမ်ထောင်စု (၂၅၀)အား အိမ်ထောင်စုတစ်စုလျှင် ဆန် (၃)ပြည်နှင့် ဆီ(၅၀)ကျပ်သားဗူး တစ်ဗူးနှုန်းဖြင့် စုစုပေါင်း ဆန် (၄၂)အိတ်နှင့် ဆီ(၂၁)ဒါဇင် ထောက်ပံ့ပေးအပ်ခဲ့ရာ ယခုအောင်စံပယ်နယ်မြေကို ပေးအပ်လှူဒါန်းတာဆိုလျှင် ဒုတိယအကြိမ်ဖြစ်ပြီး ယခင်က နှစ်စဉ် နှစ်ဆန်းတစ်ရက်နေ့တွင်  အလုပ်အကိုင် အခွင့်အလှမ်းများ နည်းပါးပြီး အဆင်မပြေသည့် ဒေသများသို့ သွားရောက်ပေးအပ်လှူဒါန်းခြင်း ဖြစ်ကြောင်း ဝင်းမာလာမိသားစုဝင်တစ်ဦးမှ ပြောကြားခဲ့သည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment