Friday, November 4, 2016

ပြည်သူ့စာကြည့်တိုက်တွင် ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်



 တောင်ငူ ၊ နိုဝင်ဘာ ၎
 တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းကာ အခြေခံပညာကျောင်းများရှိ ကျောင်းသား ၊ ကျောင်းသူများ စာကြည့်တိုက်များမှ စာပေများကို ဖတ်ရှုလေ့လာပြီး
အသိပညာ ဗဟုသုတ တိုးပွားလာစေရေး နှင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများ ရရှိစေရေးတို့အတွက်             “ စာကြည့်တိုက်သို့ သွားကြစို့ ” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက တောင်ငူခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်သည်။
အဆိုပါ ပြိုင်ပွဲသို့ လေ့ကျင့်ရေး အလယ်တန်းကျောင်း အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ (၂၀) ဦး တက်ရောက် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင် ပန်းချီလက်ရာများအား   မြို့နယ် စာရေးဆရာအသင်းမှ အကဲဖြတ် ရွေးချယ်ကာ ဆုရှိသူများအား ဆုများပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment