Friday, November 4, 2016

နိုင်ငံခြားသား ဆရာဝန်အဖွဲ့ ဖျာပုံမြို့နယ်သို့ လာရောက်ဆေးကုသပေး


ဖျာပုံ  နိုဝင်ဘာ  ၎
ဂျာမန်လူမျိုးများ  ဖြစ်သည့်   သွားဆရာဝန်(၁)ဦး၊ အထွေထွေရောဂါကုဆရာဝန်(၂)၊ သူနာပြုဆရာမ(၂)ဦး   နှင့်
ရေယာဉ်ဝန်ထမ်း(၈) ဦးတို့သည် နိုဝင်ဘာလ(၃)ရက်နေ့  နံနက်(၉)နာရီ အချိန်က ဖျာပုံမြို့နယ်၊ ရှမ်းကွင်းကြီးကျေးရွာသို့ နယ်လှည့်ဆေးခန်း သဘောင်္ဖြင့် ကျေးရွာနေပြည်သူများအား လာရောက်ဆေးကုသ ပေးခဲ့ကြောင်းသိရသည်။
ယင်းအဖွဲ့သည် ရှမ်းကွင်းကြီးကျေးရွာ ရတနာသိင်္ဂီ ဘုန်းတော်ကြီးကျောင်းတံတားဆိပ်တွင် သဘောင်္ဆိုက်ကပ်လျက် ကျေးရွာပြည်သူများအတွက် ဆေးကုသပေးကြသည်။
ယင်းအဖွဲ့သည် ရှမ်းကွင်းကြီးကျေးရွာတွင် (၃-၁၁-၂၀၁၆)နေ့မှ (၅-၁၁-၂၀၁၆)နေ့ထိ ဆေးကုသပေးမည်ဖြစ်ပြီး၊ ဖျာပုံခရိုင် ဘိုကလေးမြို့နယ် စိန်ဟိုင်းကျေးရွာ ၊   ကျိုက်လတ်မြို့နယ် ပရိုက်ဝကျေးရွာ၊ လက်ခုတ်ကျေးရွာ၊ သာယာဝဲကျေးရွာနှင့် ဒေးဒရဲမြို့နယ် မိချောင်းအိုင်ကျေးရွာတို့တွင်တစ်ရွာလျှင် (၃)ရက်ကြာ ၂၂-၁၁-၂၀၁၆ ရက်နေ့ထိဆေးခန်းသဘောင်္ပေါ်တွင် ဆေးဝါးများကုသပေးမည်ဖြစ်သည်။
ယင်းအဖွဲ့မှ ဆေးကုသရာတွင် စမ်းသပ်ခ အဖြစ်(၁၅၀၀)ကျပ်နှင့် ဆေးဖိုးတန်ဖိုးအား မူရင်းဈေးဖြင့်  ကုသပေး
သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းအဖွဲ့တို့သည် ၂၀၁၀ခုနှစ်မှစ၍ နာဂစ်မုန်တိုင်းဖြစ်ပွားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းဆေးကုသ
ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment