Friday, November 25, 2016

ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အပ်နှံပွဲဇီးကုန်း၌ကျင်းပ

ဇီးကုန်း၊ နိုဝင်ဘာ ၂၅
ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အပ်နှံပွဲကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေဦးစီးဌာန အစည်းအဝေးခန်းမ၌​ ယမန်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ဝင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်မှ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲ ရာတွင် လိုက်နာရမည့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက် လာသော ကော်မတီဝင်များမှ လုပ်ငန်းများနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်မှ ဇီးကုန်းမြို့နယ်အတွင်း ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း (၉၅) ခု၏ ကော်မတီဝင်များသို့ လျှပ်စစ်လုပ်ငန်း (၂၃) ခုအတွက် (၁၀၀%)၊ လမ်းတံတား၊ ရေလုပ်ငန်း၊ ပညာရေးလုပ်ငန်း (၇၂) ခုအတွက် (၅၀%) လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေး ငွေများထုတ်၍ ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(ဇီးကုန်း၊ ပြန်/ဆက်)

No comments:

Post a Comment