Friday, November 25, 2016

တစ်မျိုးသားလုံး ကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်စေရေး လာမည့် ဒီဇင်ဘာလတွင် အပတ်စဉ် လူထုစုပေါင်း လမ်းလျှောက်မည်

မုံရွာ  နိုဝင်ဘာ  ၂၅
တစ်မျိုးသားလုံး ကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်စေရေး အတွက် လူထု လှုပ်ရှားမှု အသွင်ဖြင့် လာမည့် ဒီဇင်ဘာလတွင် အပတ်စဉ် စနေနေ့ နံနက်တိုင်း လူထု စုပေါင်းလမ်းလျှောက်ပွဲကို စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မုံရွာမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ကျင်းပရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီမှ တာဝန်ယူပြီး လူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင် သန်စွမ်းစေရေးအတွက် လူထုအားကစားလှုပ်ရှားမှုအသွင်ဖြင့် ဒီဇင်ဘာလမှာ အပတ်စဉ် စနေနေ့တိုင်း လူထုစုပေါင်း လမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အပတ်စဉ်တိုင်း ဗိုလ်ချုပ် ကြေးရုပ်မှ တိုင်းဒေသကြီး(မုံရွာ)ဂေါက်ကွင်းအထိ စုပေါင်းလမ်းလျှောက်ကာ ဂေါက်ကွင်းမှာ ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း အတွဲ (၁+၂) ပြုလုပ်ကြမယ်။ ဒါ့အပြင် အပတ်စဉ်တိုင်း အားကစားပြိုင်ပွဲတွေဖြစ်တဲ့ အပြေးပြိုင်ပွဲများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲနှင့် အခြားပျော်ပွဲရွှင်ပွဲတွေကို တစ်ပတ်လျှင် တစ်မျိုးစီ ကျင်းပ ပြုလုပ် ပေးသွားမယ်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို လာမည့် ဒီဇင်ဘာလ(၃)ရက် (စနေနေ့)မှ စတင်ပြီး အပတ်စဉ် စနေနေ့နံနက်တိုင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ ပါဝင်ဆင်နွဲကြမည့် မိဘပြည်သူများ အနေဖြင့် မုံရွာမြို့၊ ဗိုလ်ချုပ် ကြေးရုပ်စုရပ်သို့ အပတ်စဉ် နံနက်(၅)နာရီအရောက် လာရောက်ကြရမှာ ဖြစ်ပြီး နံနက်(၅) နာရီခွဲအချိန်တွင် စုရပ်မှ သတ်မှတ်နေရာသို့ စုပေါင်းလမ်းလျှောက် ကြမည် ဖြစ်ကြောင်း သိရသည်။
(ဖိုးချမ်း-မုံရွာ)

                                    

No comments:

Post a Comment