Friday, November 25, 2016

(၉၆) နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ဒီမော့ဆို၊ နိုဝင်ဘာ ၂၄
၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် ကျရောက်သော (၉၆) နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က လွိုင်ကော်ခရိုင် ဒီမော့ဆိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။






အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း( ဒေါငံခါး) မှ ကျောင်းသားကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆို ဖွင့်လှစ်သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော (၉၆) နှစ်မြောက် အမျိုးသားနေ့သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက ဖတ်ကြားသည်။
ဆက်လက်၍ အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများကို ဆုများချီးမြှင့်ရာ အထက်တန်းဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများကို မြို့နယ်အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ အလယ်တန်းဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများကို မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးအောင်မင်းကလည်းကောင်း ဆုများချီးမြှင့်ခဲ့သည်။ အခမ်းအနားကို ကျောင်းသား ကျောင်းသူများ က ဇာတိမာန် သီချင်းဖြင့် သီဆို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ။မများနှင့် ဆုရ ကျောင်းသားကျောင်းသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေလျှက်ရှိသော (၉၆) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။

ဒီမော့ဆို(ပြန်/ဆက်)

No comments:

Post a Comment