Tuesday, November 29, 2016

မအူပင်ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဆောင်ရွက်

မအူပင်၊ နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ခရိုင်အဆင့် စားသုံးသူရေးရာ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉း၃၀ အချိန်က အမှတ် (၁) ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။


ဆွေးနွေးပွဲတွင် မအူပင်ခရိုင် စားသုံးသူရေးရာ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံ ဦးဇော်မင်းနှင့် အဖွဲ့ဝင်များ၊ စားသုံးသူ ကိုယ်စားလှယ်များ တက်ရောက်ပြီး မအူပင်ခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား ဘေးထွက်ဆိုးကျိုးပါရှိသော တားမြစ်ထားသော မုန့်များ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆိုးဆေးပါဝင်သော အစားအစာများ၊ အချိုရှည်များအား ရောင်းချခြင်း မပြုရန်အတွက် ဟောပြောပွဲများပြုလုပ်ခြင်း၊ စစ်ဆေးအသိပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နံရံကပ်ဘုတ်များတွင် ကြေငြာခြင်းစသည့် လုပ်ငန်းများဖြင့် ဆောင်ရွက်ထားရှိပြီး၊ တားမြစ်ထားပြီးဖြစ်သဖြင့် ဆက်လက်ရောင်းချခြင်း တွေ့ရှိပါက ရှေးဦးစွာ ပစ္စည်းများအား အဖွဲ့၏ဦးဆောင်မှုဖြင့် သိမ်းဆည်းပြီး သတ်မှတ်ဥပဒေများအရ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးမထိခိုက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(မအူပင်၊ ခရိုင်ပြန်/ဆက်)

No comments:

Post a Comment