Tuesday, November 29, 2016

လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၂/၂၀၁၆) သင်တန်းဖွင့်လှစ်

မြစ်သား၊ နိုဝင်ဘာ ၂၈
မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများလုပ်ငန်း စွမ်းဆောင် ရည်မြင့်မားရေးသင်တန်း (၂/၂၀၁၆) ဖွင့်ပွဲအခမ်းအနားကို (၂၈-၁၁-၂၀၁၆) ရက်နေ့ နံနက် (၀၉၀၀) နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးနိုင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းအဖွင့်အမှာစကားပြောကြား၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းသန်းလွင်မှ သင်တန်း စည်းကမ်းချက် များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင် များ၊ သင်တန်းသား/ သင်တန်းသူ (၁၇၄)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၂၈-၁၁-၂၀၁၆) ရက်နေ့မှ (၃၀-၁၁-၂၀၁၆) ရက်နေ့အထိ (၃)ရက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
(မြစ်သား၊ ပြန်/ဆက်)

No comments:

Post a Comment