Thursday, November 3, 2016

စက်ဘီးစီးပြိုင်ပွဲကျင်းပ

ပုသိမ် နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့  တွင် မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ် မှ ကြီးမှူးကျင်းပသော စက်ဘီးစီးပြိုင်ပွဲ ကို နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက အ.ထ.က ( ၁ ) ကျောင်းရှေ့  ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲကို တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဌ ဦးစံမင်းအောင် က အမျိုးသားပြိုင်ပွဲ ၊ ရဲမှူးကြီး ထွန်းမင်း က အမျိုးသမီးပြိုင်ပွဲများကို သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့သည်။
အမျိုးသမီးပြိုင်ပွဲတွင် ( ၄၄ ) ဦး ပါဝင်ယှဉ်ပြိုင်ပြီး အ.ထ.က ( ၁ ) ကျောင်းရှေ့   က တာထွက်ပြီး  မြတ်တို အရောက် ပြန်ကွေ့ကာ အ.ထ.က ( ၁ ) ကျောင်းရှေ့   တွင် ပန်းဝင်ရသည်။
အမျိုးသား ပြိုင်ပွဲတွင် ( ၅၄ ) ဦး ပါဝင် ယှဉ်ပြိုင်ပြီး အ.ထ.က ( ၁ ) ကျောင်းရှေ့ က တာထွက်ပြီး ပညာရေးကောလိပ်ရှေ့  တွင် ပြန်ကွေ့ကာ အ.ထ.က ( ၁ ) ကျောင်းရှေ့ တွင် ပန်းဝင်ရသည်။
အဆိုပါ  စက်ဘီးစီး ပြိုင်ပွဲကို မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာရေး ၊ စက်ဘီးစီး အားကစားနည်း စိတ်ပါဝင်စားသူ များပြားလာရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ပြီး၊ ပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယ ပန်းဝင်သူများကို တာဝန်ရှိသူများက ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့ နယ် ( ပြန် / ဆက် ) 

No comments:

Post a Comment