Thursday, November 3, 2016

အရာတော်မြို့ မြို့မစည်ပင်သာယာဈေးအတွင်း မီးလောင်မှုဖြစ်ပွား

အရာတော်  နိုဝင်ဘာ  
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့ မြို့နယ်စည်ပင်သာယာဈေးအတွင်း၌ နိုဝင်ဘာလ၂ ရက် ညပိုင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂ ရက်နေ့ ည(၈)နာရီ (၅၃)မိနစ်ခန့်အချိန်တွင် အရာတော်မြို့ မြို့နယ်စည်ပင် သာယာရေးဈေးအတွင်းရှိ ဆိုင်ခန်းတစ်ခုမှ စတင်၍ မီးလောင်မှု တစ်ခု ဖြစ်ပွားရာ အနီးရှိ ဆိုင်ခန်းများသို့ ကူးစက် လောင်ကျွမ်းမှု မဖြစ်ပွားစေရေး အချိန်မီ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူများနှင့်အတူ မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် ၀ိုင်းဝန်း ငြိမ်းသတ်ရာ ည ၉ နာရီ ၅ မိနစ်တွင် မီးကို လုံးဝ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် မီးစတင် လောင်ကျွမ်းခဲ့သည့် ဆိုင်ခန်းအတွင်းမှ ပစ္စည်း အနည်းငယ် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာမှ အဖြစ်မှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment