Thursday, November 3, 2016

ကျေးလက်နေပြည်သူများအား သဘာဝသီးနှံအခြေခံစားသောက်ကုန်သင်တန်းဖွင့်ပွဲ ကျင်းပ


နေပြည်တော်  နိုဝင်ဘာ ၃
နေပြည်တော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နေပြည်တော်၊ အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် ရည်ရွယ်၍ သဘာဝသီးနှံစားသောက်ကုန်သင်တန်းဖွင့်ပွဲကို ပျဉ်းမနားမြို့နယ်၊ ပျဉ်းမနားဟောင်းကျေးရွာအုပ်စု၊ ကြို့ပင်(အလယ်) ကျေးရွာ ဓမ္မာရုံ၌ နိုဝင်ဘာလ ၂ရက်နေ့ မွန်းလွဲ  ၁နာရီတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ ပျဉ်းမနားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး၊ နေပြည်တော်၊ အသေးစား စက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်က သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ဒက္ခိဏခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးလင်းမှ သင်တန်းသား/သူများအား “ နိုင်ငံတော် ထောက်ပံ့မှုဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး၊ လက်တွေ့ သင်ကြားပြသ ပေးသွားမှာဖြစ်သည့်အတွက် တက်မြောက်အောင် သင်ယူကာ မိမိဒေသမှ ထွက်ရှိသောသဘာဝသီးနှံများကို အခြေခံ၍ ဒေသထွက်ထုက်ကုန်တစ်မျိုးမျိုးထုတ်လုပ်နိုင်လျှင် ဘေးအန္တရာယ် ကင်းရှင်းသော စားသောက်ကုန်များကို ရရှိနိုင်မည်ဖြစ်ကြောင်း’’ ပြောကြားခဲ့သည်။
အဆိုပါ သဘာဝသီးနှံစာသောက်ကုန်သင်တန်းတွင် သင်တန်းသား/သူ (၂၀)ဦး တက်ရောက်ကြပြီး၊ သင်တန်းကာလမှာ နိုဝင်ဘာ(၂)ရက်မှ နိုဝင်ဘာ(၁၁)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် သင်ကြား ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နေပြည်တော် (ပြန်/ဆက်)

No comments:

Post a Comment