Tuesday, November 8, 2016

၂၀၁၆-၂၀၁၇ ပညာသင်နှစ် မြို့နယ်အဆင့် ဘက်စုံပညာထူးချွန်စွမ်းရည်ပြိုင်ပွဲ ကနီ၌ ကျင်းပ

ကနီ    နိုဝင်ဘာ   
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၌ ပညာရေးတွင် ငယ်ရွယ်စဉ်ကပင် ထူးချွန်ထက်မြက်သော ကျောင်းသားကျောင်းသူများ ပေါ်ပေါက်လာရေးနှင့် မြို့နယ်အဆင့်တွင်ပင် ထူးချွန် ကျောင်းသားကျောင်းသူများအား ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသားကျောင်းသူများ ဂုဏ်ပြုနိုင်ရေးအတွက်
 မူလတန်းအဆင့်တွင် စတုတ္ထတန်း၊ အလယ်တန်းအဆင့်တွင် အဋ္ဌမတန်းနှင့် အထက်တန်းအဆင့်တွင် ဒသမတန်းတို့အား ၂၀၁၆-၂၀၁၇ပညာသင်နှစ် မြို့နယ်အဆင့် ဘက်စုံထူးချွန် စွမ်းရည်ပြိုင်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့ နံနက် (၉း၀၀) နာရီက အမှတ်(၃) အခြေခံပညာ မူလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့် ဘက်စုံထူးချွန် စွမ်းရည်ပြိုင်ပွဲနှင့် ဘာသာရပ်အလိုက် စွမ်းရည်ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စတုတ္ထတန်း (၇၃)ဦး၊ အဋ္ဌမတန်း (၄၁)ဦး ဒသမတန်း(၁၅)ဦး စုစုပေါင်းကျောင်သား ကျောင်း သူ(၁၂၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
" ကျွန်တော်တို့ ဒီမြို့နယ်အဆင့်တွင် ဘက်စုံထူးချွန်ကျောင်းသားများကို  ဘာသာရပ်အလိုက် ပထမ၊ ဒုတိယနှင့် တတိယရရှိသူများအား မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်တွင် ဆုများပေးအပ်သွားမည် ဖြစ်ပြီး ဒီလိုဆုပေးခြင်းအားဖြင့် အခြားကျောင်းသားကျောင်းသူများ အားကျ အတုယူ၍ ကြိုးစားအားထုတ် လာနိုင်ပြီး ပညာရည်မြင့်မားလာရေးတို့အတွက် ရည်ရွယ်၍ အခုလို မြို့နယ်အဆင့် ဘက်စုံထူးချွန်နှင့် ဘာသာရပ်အလိုက် ထူးချွန်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပသွားမှာ ဖြစ်ပါတယ်"ဟု မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment