Tuesday, November 8, 2016

ညောင်တုန်းမြို့၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ


ညောင်တုန်း         နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စွန်တနီးကျေးရွာအုပ်စု ကွင်းအမှတ် ၃၁၃၊ ဦးပိုင်အမှတ် ၂၀/၁ တောင်သူလယ်သမား ဦးလှိုင်ဝင်းဆန်း စိုက်ပျိုးထားသောလယ်ကို စံကွက်ရိတ်သိမ်းရာ ဆင်းသုခစပါး တစ်ဧကလျှင် အထွက်နှုန်း ၇၀.၂၅ တင်း ထွက်ရှိခဲ့သည်။

အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ ညောင်တုန်းမြို့နယ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနမှ တိုက်နယ် -၂ လက်ထောက်ဦးစီးမှူး ဦးကျော်ဇင်နှင့် စံကွက်ရိတ်သိမ်းရေးအဖွဲ့များ၊ ဒေသခံတောင်သူ လယ်သမားများ တက်ရောက်ခဲ့ကြောင်းသိရသည်။
(မြို့နယ် ပြန်/ဆက်)

No comments:

Post a Comment